Druid တွေပဲ ရှာဖွေရယူနိုင်တဲ့ စီးတော်ငှက်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီငှက်ကျတဲ့ ဘော့စ်ကို ခေါ်ယူဖို့အတွက် လိုအပ်တဲ့
ပစ္စည်းက Druid တွေရဲ့ Swift Flight Form Quest Chain တွေလုပ်ရင်းနဲ့မှ
ရလာမယ့် ပစ္စည်းဖြစ်လို့ပါပဲ။ အဲ့ဒီ Chain Quest တွေကိုလုပ်ဖို့ Druid Level
70 အနည်းဆုံးဖြစ်ဖို့၊ Shattrah Lower City နဲ့ Reputation Honored
ဖြစ်ဖို့လိုပါတယ်။ လုပ်ရမယ့် Quest Chain စုစုပေါင်းက
အောက်ပါအတိုင်းဖြစ်ပါတယ်။
Tuesday, October 13, 2015
Friday, October 9, 2015
The Sha'tar Reputation Guide
The Sha'tar ရဲ့ reputation တင်ဖို့ အတွက် နည်းလမ်း သုံးခုရှိပါတယ်
Mark တွေနဲ့ Reputaion ကိုလဲလှယ်ခြင်း ( Honored ဖြစ်သည်အထိ )
Sha'tar Reputation တက်စေတဲ့ Quest များလုပ်ခြင်း ( Exalted ဖြစ်သည်အထိ )
Mechanar, Botanica, or Arcatraz ဒေသမှာရှိတဲ့ Creep တွေကို သတ်ခြင်း ( Exalted ဖြစ်သည်အထိ )
ဒီနည်းလမ်း သုံးခုကို မှန်ကန်စွာ ပေါင်းလုပ်သွားမယ်ဆိုရင် Reversed Level ကို အချိန်တိုအတွင်း Character lvl 70 ရပြီးသည်နှင့် မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
Neutral မှ Honored
Marks of Kil'jaeden, Marks of Sargeras, Firewing Signets and Sunfury Signets တွေကိုလဲလှယ်ခြင်းဖြင့် 125 Sha'tar reputationကိုရရှိမှာဖြစ်ပါတယ် ။ Fel Armament ဒါမှမဟုတ် Arcane Tome တစ်ခု ဟာ ဆိုရင်တော့ 175 Sha'tar Reputation ရရှိနိုင်မှာဖြစ်ပါတယ်
The Sha'tar Reputation ဟာ Honored level မရောက်မချင်း Quest တစ်ခုမှ စမလုပ်သေးတာ အကောင်းဆုံးဖြစ်ပါတယ်။ Item တွေ Mark တွေ လဲလှယ်ခြင်းကို ပဲ ဆက်လုပ်နေတာ အသင့်တော်ဆုံးဖြစ်ပါတယ်။
Honored မှ Revered
နောက်ထပ် 12,000 Reputation points အတွက်ဆိုရင်တော့ Sha'tar Reputation တက်စေတဲ့ Quest Chain တွေလုပ်ရမှာဖြစ်ပါတယ်။ ဒီ Quest Chains တွေလုပ်ခြင်းနဲ့ လိုအပ်တဲ့ Instance သုံးခုကို ၀င်ခြင်းနဲ့ မကြာခင်မှာပဲ Reversed Level ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။
Terokkar Forest မှာ ရှိတဲ့ Quest Chain တွေကတော့
The Dread Relic (အဆင့်၂ ဆင့်ရှိပြီး 600 Reputation ရရှိနိုင်မှာဖြစ်ပါတယ် )
For the Fallen (အဆင့် ၃ဆင့်ရှိပြီး 750 Reputation ရရှိနိုင်မှာဖြစ်ပါတယ် )
I See Dead Draenei (အဆင့် ၆ ဆင့် ရှိပြီး 1110 Reputation ရရှိနိုင်မှာဖြစ်ပါတယ် )
Shadowmoon Valley မှာရှိတဲ့ Quest Chain တွေကတော့
The Journal of Val'zareq: Portents of War (အဆင့်၂ ဆင့်ရှိပြီး 650 Reputation ရရှိမှာဖြစ်ပါတယ် )
Tablets of Baa'ri (အဆင့် ၁၀ ဆင့် ရှိပြီး 1000 Reputation ရရှိမှာဖြစ်ပါတယ် )
Netherstorm မှာရှိတဲ့ Quest Chain တွေကတော့
Assisting the Consortium (အဆင့် ၃ ဆင့်ရှိပါတယ် Reputation တော့မရပါဘူး သို့သော် ထပ်လုပ်ရမယ့် Quest Chain အတွက်လိုအပ်လို့ လုပ်ရတာဖြစ်ပါတယ် )
Warp-Raider Nesaad (အဆင့် ၁၀ ဆင့် ရှိပြီး 3000 Reputation ရမှာဖြစ်ပါတယ် )
နောက်ဆုံး quest chain ကတော့ ( Warp-Raider Nesaad နဲ့ စတင်မှာ ဖြစ်ပြီး ) သင့်ကို Mechanar and Botanica ကို the Arcatraz key ရရှိနိုင်ရန် ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ သင်ဟာ the Arcatraz ထဲ ၀င်ပြီး နောက်ဆုံး boss - Skyriss ကို သတ်ရမှာ ဖြစ်ပါတယ် . ဒီ instance ၃ ခု ၀င်ခြင်းဖြင့် ခန့်မှန်းခြေ 5600 Sha'tar Reputation ရရှိမှာဖြစ်ပါတယ်။
ဒီ quest chains တွေပြီးသွားပြီဆိုရင် သင်ဟာ Revered ဒါမှမဟုတ် နောက် points အနည်းငယ်ရတာနဲ့ Revered ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါနဲ့မှ မပြည့်ခဲ့သေးဘူးဆိုရင်တော့ the Tempest Keep instances ကိုနောက်တစ်ခေါက်လောက် ထပ်ဝင်လိုက်ပါ။
Revered မှ Exalted
Players တော်တော်များများကတော့ the Sha'tar နဲ့ Exalted ဖြစ်အောင်လုပ်ချင်ကြပါတယ် ဘာလို့လဲဆိုတော့ tanks တွေ အတွက် Crest of the Sha'tar ဆိုတာရယ် healers တွေအတွက် Gavel of Pure Light ဆိုတဲ့ ITEM တွေဟာ မက်မောစရာဖြစ်နေလို့ပါပဲ။
ခင်ဗျားရဲ့ reputation ကိုဆက်တင်ဖို့ အကောင်းဆုံးနည်းကတော့ Tempest Keep instances တွေထဲက တစ်ခုကို ပြန်ဝင်ခြင်းပါပဲ။ The Botanica ကတော့ အ၀င်သင့်ဆုံးပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Instance ထဲက Creep တွေ သတ်ခြင်းက reputation အများဆုံးရနိုင်တာမို့လို့ပါပဲ။
တကယ်လို့ သင်ဟာ Badge of Justice ရချင်ရင်တော့ Mechanar ကို Heroic Mode နဲ့ ၀င်ရမှာဖြစ်ပါတယ်။ ပထမ boss ၃ ကောင် (the Mechanical boss နှင့် Gatekeepers ၂ ကောင် ) ကလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ 30-45 minutes အတွင်း သတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနေရာကို သွားဖို့ အကြံပြုချင်ပါတယ်။
PS - ကျွန်တော်ကတော့ အစကနေ အဆုံးထိ Instance ပဲ ၀င်လိုက်တယ် :D
Tuesday, October 6, 2015
Fishing and Cooking Guide For Horde
Secondary Skill တွေဖြစ်တဲ့ Fishing နဲ့ Cooking Skill တို့ ဟာ အတူတွဲလုပ်ရင် အလွန်လွယ်ကူ မြန်ဆန်တဲ့ အတွက် အတူတွဲလုပ်ဖို့ အကြံပေးလိုက်ပါတယ်
Undead နဲ့ Tauren Race တွေအတွက်တော့ လုပ်ရတာ ပိုလွယ်ကူပါလိမ့်မယ်
ဘာလို့လဲဆိုတော့ Trainer တွေက အဲ့ Race တွေ ဖြစ်နေလို့ပါ
Level နဲ့ race အလိုက် Fishing and Cooking Trainers တွေကိုတော့ အောက်ပါနေရာတွေမှာ တွေ့ရှိနိုင်ပါတယ်
Friday, September 25, 2015
ရင်ခုန်စရာ PVE with Enhancement Shaman
Plate ၀တ်သူတွေရဲ့ အတ္တစွဲတွေဟာ မြန်မာပြည်က WOW ဆာဗာတော်တော်များများမှရှိကြပါတယ် လူတွေ ကမသိတာ ခက်ခဲ တာတွေကို ကြိုးစားလိုစိတ်မရှိပဲနဲ့ ခပ်မြန်မြန် ကောက်ချက်ဆွဲ ကြတာများပါတယ်။ Wotlk ဆာဗာမှာဆို Plate ၀တ်တွေက Damage ထွက်တာများတယ် AOE damage ကြောင့် လဲပါပါတယ်။ ( DB လို boss တွေ မှာ ဆိုရင် single target သမားတွေထက် အပြတ်အသတ်ကွာပါတယ် ) ။ နောက်ထပ်ဆော့လေ့ဆော့ထရှိတာကတော့ Hunter တွေပါ အဲဒီ ပလိတ်ဝတ်နဲ့ ဟန်တာတွေ ကဦးဆောင် တာများတဲ့ အတွက် မြန်မာနိုင်ငံ မှာ PVE Enhancement , Feral နဲ့  Rogue ပလေယာတွေကို အပုတ် လို သမုတ်လိုက်တော့ အများညီ ဤ ကို ကျွဲ လို့ ဖတ်ကြပါလေရော ။
Saturday, November 9, 2013
Death Knight Quest Guide [ အပိုင်း - ၂ ]
Thassarian က [Brothers In Death] ဆိုတဲ့ Quest ကိုပေးပါလိမ့်မယ်။ ဒီ Quest က Complete ပြီးသား Quest တစ်ခုပါ။ ခုနက Quest တုန်းကသွားခဲ့ရတဲ့ ရဲတိုက်ထဲပြန်သွားရမှာပါ။ ရဲတိုက်ထဲက မြေအောက်ခန်းပေါ်က ကုတင်ပေါ်မှာ လှဲနေတဲ့ Koltira Deathweaver ဆီသွားပြန်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Quest က Complete ဖြစ်သွားပါပြီ။
Friday, November 8, 2013
Death Knight Quest Guide [ အပိုင်း - ၁ ]
Death Knight တစ်ယောက် အနေနဲ့ မွေးဖွားလာခဲ့ပြီဆိုရင် သင်ဟာ Lich King ဆီက Quest တွေလုပ်ပေးပြီးမှ Death Knight နန်းတော်က ထွက်ခွင့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Server မှာ Death Knight ဆိုတဲ့ Class ဟာ Error အရမ်းများတဲ့ Class ပါ။ Error လဲ များသလို Quest တွေကလဲ Bug နေတတ်ပါတယ်။ ဒါပေမယ့် Death Knight ဆိုတာ World of Warcraft မှာ အတော်လေးကြမ်းတဲ့ Hero Class ဖြစ်တာနဲ့ အညီ တော်တော်လဲ ကိုင်လို့ကောင်းပါတယ်။ အဲ့လိုပဲ Death Knight ဖြစ်ခွင့်ရဖို့အတွက် သတ်မှတ်ချက်တွေကလဲ ရှိပါတယ်။ သင့် Account ထဲမှာ အနည်းဆုံး Level 55 ရှိတဲ့ Hero (Any Class) တစ်ကောင်ရှိဖို့လိုပါတယ်။ ဒါဆိုရင်တော့ သင်ဟာ Death Knight တစ်ကောင်ဆော့လို့ရပါပြီ။ Death Knight တစ်ကောင် အပြင်ထွက်ခွင့်ရအောင်လုပ်ရတဲ့ Quest တွေက မသိတဲ့လူတစ်ယောက်အတွက်တော့ ခက်ခဲပါတယ်။ Elite Creep 100 သတ်ခိုင်းတဲ့ Quest တို့ Elite Creep 100 နဲ့ Elite Siege Creep 5 ကောင် သတ်ရတဲ့ Quest တို့ဟာဆို မသိတဲ့လူတစ်ယောက်အတွက် တော်တော်ကိုခက်ခဲပါတယ်။ သိသွားရင်တော့ အရမ်းလွယ်ပါတယ်။ ဒီတော့ DK တစ်ကောင်ဆော့ချင်နေရက်နဲ့ Quest မလုပ်တတ်လို့ မဆော့ရတဲ့ ဘော်ဒါတွေအတွက် Dk Quest Guide လေးရေးပေးလိုက်ပါတယ်။ မသိသူကျော်သွား သိသူဖော်စားပေါ့ဗျာ။
Sunday, November 3, 2013
How can buy Netherwing Drake Mount?
ကဲ ခင်ဗျား ဒီ Netherwing Drake လိုချင်တယ်ဆိုရင်တော့ ခင်ဗျားသာ လယ်ဘယ် ၈၀ ရောက်နေတဲ့ Hero တစ်ကောင်ဖြစ်ပြီး ဒီ Guide လေးဖတ်လိုက်မယ်ဆို သိပ်မခက်ခဲပါဘူး။ ပထမဆုံး ခင်ဗျားအနေနဲ့ Outland မှာ ရှိတဲ့ Shadowmoon Valley ကို သွားလိုက်ပါ။ Shadowmoon Valley ကိုရောက်တာနဲ့ Mordenai(Lvl 71) ဆိုတဲ့ NPC ကို သွားရှာလိုက်ပါ။ ဒီကောင်က Shadowmoon Valley ရဲ့ ညာဘက် အောက်နားလေးမှာ ရှိပါတယ်။ သူ့ရဲ့ပုံသဏ္ဍန် နဲ့ တည်နေရာကိုတော့ အောက်ဖော်ပြပါ ပုံတွေမှာ ကြည့်ပါ။
Subscribe to:
Posts (Atom)