Sunday, November 3, 2013

How can buy Netherwing Drake Mount?

ကဲ ခင်ဗျား ဒီ Netherwing Drake လိုချင်တယ်ဆိုရင်တော့ ခင်ဗျားသာ လယ်ဘယ် ၈၀ ရောက်နေတဲ့ Hero တစ်ကောင်ဖြစ်ပြီး ဒီ Guide လေးဖတ်လိုက်မယ်ဆို သိပ်မခက်ခဲပါဘူး။ ပထမဆုံး ခင်ဗျားအနေနဲ့ Outland မှာ ရှိတဲ့ Shadowmoon Valley ကို သွားလိုက်ပါ။ Shadowmoon Valley ကိုရောက်တာနဲ့ Mordenai(Lvl 71) ဆိုတဲ့ NPC ကို သွားရှာလိုက်ပါ။ ဒီကောင်က Shadowmoon Valley ရဲ့ ညာဘက် အောက်နားလေးမှာ ရှိပါတယ်။ သူ့ရဲ့ပုံသဏ္ဍန် နဲ့ တည်နေရာကိုတော့ အောက်ဖော်ပြပါ ပုံတွေမှာ ကြည့်ပါ။



အရင်ဆုံး အဲ့ကောင်ဆီက [Kindness] ဆိုတဲ့ Quest ကို ယူလိုက်ပါ...။ အဲ့သည့် Quest က ဘာလုပ်ရမှာလဲ ဆိုတော့ ခင်ဗျားလိုချင်တဲ့ Netherwing Drake Mount ရဖို့ ပထမဆုံး Reputation တင်ရမှာဖြစ်တဲ့အတွက် အဲ့နားမှာ ပျံနေတဲ့  Mature Netherwing Drake တွေကို အစာကျွေးရမှာပါ။ အသားရဖို့အတွက် အဲ့ပါတ်ဝန်းကျင်မှာ ရှိတဲ့ Rocknail Flayer ဆိုတဲ့ကောင်တွေကို သတ်ပါ။ သူတို့ကို သတ်ရင်  [Rocknail Flayer Carcass] ဆိုတဲ့ Item ရမယ်။ Rocknail Ripper တွေကိုသတ်လို့လဲ ရပါတယ် ဒါပေမယ့် အဲ့ကောင်တွေက ကျတဲ့  [Rocknail Flayer Giblets] ကကျတော့ ၅ ခုမှ ကျွေးလို့ရတဲ့ အသားတစ်ခုပဲရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့  Rocknail Flayer  ကိုပဲ သတ်စေချင်ပါတယ်။ Mature Netherwing Drake ကို  [Rocknail Flayer Carcass]  ကျွေးရမှာပါ။ ကျွေးနည်းကလဲ သိပ်မခက်ပါဘူး။ အပေါ်မှာပျံနေတဲ့ နဂါးရဲ့ အောက်တည့်တည့် နဲ့ ပျံနေတဲ့လမ်းကြောင်းရှေ့ဘက်နား ကိုသွား ပြီးရင် ခုနက ရတဲ့  [Rocknail Flayer Carcass]  ကို သုံးလိုက်တာနဲ့ အသားတုံးတစ်တုံး မြေကြီးပေါ်ကို ချလိုက်မှာ ဖြစ်ပါတယ်။ အဲ့အခါကျရင် လေပေါ်ပျံနေတဲ့ နဂါးက အစာကို မြင်ပြီး အောက်ဆင်းစားမှာ ဖြစ်ပါတယ်။ အဲ့ နဂါး အစာစားပြီးချိန်ကိုပဲ စောင့်ပြီးကျွေးမယ်ဆိုလဲ ရပါတယ်။ ဒါမှ မဟုတ် လေပေါ်ပျံနေတဲ့ နဂါး တွေကိုမှ ကျွေးချင်တာဆိုလဲ ရပါတယ်။ လေပေါ်ပျံတဲ့နဂါးတွေက ဆင်းစားမစားဆိုတာ မသေချာပါဘူး။ အဲ့တော့ ဆင်းစားတဲ့တစ်ကောင်ကိုပဲ သေချာ ကျွေးပါ။ ဒါ ပထမဆုံး Quest ပါ။

Rocknail Flayer

နဂါးက ဒီလိုမျိုးဆင်းလာပြီး စားမှာဖြစ်ပါတယ်။

ကဲ Quest ပြီးရင်တော့ ခုနက Quest ယူခဲ့တဲ့ NPC ဆီမှာ Quest သွားပြန်အပ်လိုက်ပါ။ အဲ့အခါကျရင် သူက နောက်ထပ်  [Seek Out Neltharaku] ဆိုတဲ့ Quest တစ်ခုထပ်ပေးလိုက်ပါလိမ့်မယ်။ အဲ့သည့် Quest က ခက်ခက်ခဲခဲ ကြီးတော့ မဟုတ်ပါဘူး။ Neltharaku ဆိုတဲ့ နဂါးကြီးကိုရှာ ပြီးပေးလိုက်ရုံပဲ။ အဲ့နဂါးက အောက်မှ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ တစ်ဝိုက်မှ ပျံနေတာပါ သူ ပျံတဲ့ Speed က နှေးနှေးလေးဆိုတော့ လွယ်လွယ်ကူကူရှာတွေ့မှာပါ။
အဲ့ Quest ပြီးတဲ့အခါကျရင် အဲ့နဂါးကြီးက ပဲ [Neltharaku's Tale] ဆိုတဲ့ Quest ထပ်ပေးပါလိမ့်မယ်။ အဲ့ Quest ကို ယူပြီးပြီးချင်းပဲ အဲ့နဂါးကြီးနဲ့ စကားပြောလိုက်ရင် Quest က Complete ဖြစ်ပါပြီ။



အဲ့ Quest ပြီးရင်တော့ [Infiltrating Dragonmaw Fortress] ဆိုတဲ့ Quest ကို နဂါးကြီးကပေးပါလိမ့်မယ် ဒီ Quest ကလဲ ခက်ခက် ခဲခဲ ကြီးတော့မဟုတ်ပါဘူး။ Drangonmaw Wrangler နဲ့ Drangonmaw Drake Rider ဆိုတဲ့ကောင်တွေကို သတ်ရမှာပါ။ Drangonmaw Wrangler ကိုသတ်ရင် Quest ကလိုတဲ့ Amount ၁ ခုရမှာဖြစ်ပြီး  Drangonmaw Drake-Rider ကိုသတ်ရင်က ၂ ခုရပါမယ်။ အဲ့ဒါကြောင့် ကျွန်တော်က Drangonmaw Drake-Rider ၇ကောင်သတ်ပြီး Drangonmaw Wrangler တစ်ကောင်သတ်လိုက်ပါတယ်။ ဒါဆိုရင်တော့ Quest က complete ဖြစ်ပြီဖြစ်တဲ့အတွက် Quest ပေးလိုက်တဲ့ နဂါးကြီးဆီ သွားပြန်ပေးလိုက်ယုံပါပဲ။ 

ဒါပြီးရင်တော့ နဂါးကြီးက [To Netherwing Ledge!] ဆိုတဲ့ Quest တစ်ခု ထပ်ပေးပါလိမ့်မယ်။ ဒီ Quest ကလဲ လွယ်လွယ်လေးပါပဲ Netherwing Crystal လေးတွေ သွားကောက်ပေးရမှာပါ။ အောက်ကပုံမှာပြထားပါတယ်။ ဘယ်မှာကောက်ရမလဲဆိုတော့ Netherwing Ledge မှာ သွားကောက်ရမှာပါ။ ၁၂ ခုကောက်ပြီးရင် နဂါးကြီးကို ပြန်သွားပေးတဲ့အခါကျရင် Quest Complete ဖြစ်ပါပြီ။
ဒါပြီးရင်တော့ နဂါးကြီးက သူတို့မျိုးနွယ်နဂါးလေးတွေ ဖမ်းခံရတာကို သွားကယ်ပေးဖို့တောင်းဆိုပါလိမ့်မယ်။ အဲ့အတွက် သူက  [The Force of Neltharaku] ဆိုတဲ့ Quest ကိုပေးပါလိမ့်မယ်။ ဒီ Quest ကလဲ အင်မတန်လွယ်တဲ့ Quest လေး တစ်ခုပါ။ အဲ့ Quest နဲ့အတူ  [Enchanted Nethervine Crystal] ဆိုတဲ့ Item လေးတစ်ခုပေးလိုက်ပါလိမ့်မယ်။ အဲ့  [Enchanted Nethervine Crystal] နဲ့ ဖမ်းခံထားရတဲ့ နဂါးလေးတွေကို လွတ်အောင် သွားလုပ်ပေးရမှာပါ။ လုပ်ရမယ့်နည်းကလဲလွယ်ပါတယ်။ Quest Helper က ပြထားတဲ့အတိုင်းလေးသွားပြီး နောက်က နဂါးခြံလေးထဲ ၀င်ပြီး စိတ်ညို့ခံထားရတဲ့ နဂါးလေးတွေပေါ်မှာ Click ထောက်ပြီး  [Enchanted Nethervine Crystal] ကိုသုံးပေးလိုက်ရုံပါပဲ။ လိုအပ်တဲ့အရေအတွက်ပြည့်သွားရင် နဂါးကြီးဆီ Quest ပြန်သွားပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ သင်ဟာ Netherwing Drake ရဖို့ ၃၅ ရာခိုင်နှုန်းသေချာသွားပါပြီ။
ဒီ Quest ပြန်သွားပေးပြီးရင် နဂါးကြီးက  [Karynaku] ဆိုတဲ့ Quest တစ်ခုထပ်ပေးပါတယ်။ ဖမ်းခံထားရတဲ့သူ့ရဲ့ကြင်ယာဖက် နဂါးမကြီးဆီကို သွားခိုင်းတာပါ။ နဂါးမကြီးက အောက်က ကျွန်တော်အနီနဲ့ဝိုင်းပြထားတဲ့ နားမှာ ရှိပါတယ်။ နဂါးမကြီးကို သွားပေးလိုက်ရုံပါပဲ။

ဒါပြီးရင် နဂါးမကြီးက သူ့ကို လွှတ်ပေးဖို့အတွက်ပြောပါလိမ့်မယ်။ အဲ့အတွက်  [Zuluhed the Whacked] ဆိုတဲ့ Quest ပေးပါလိမ့်မယ်။ အဲ့ Quest က Group Quest ပါ။ Quest ယူပြီးပြီးချင်း Elite Boss ကထွက်လာပါလိမ့်မယ်။ အဲ့ Boss ကတော်ရုံတန်ရုံ လယ်ဘယ် ၈၀ တောင်နိုင်ဖို့ခက်ပါတယ်။ ဆိုလိုတာက Low Lvl ဆို တစ်ယောက်ထဲ နိုင်ဖို့မလွယ်ပါဘူး။ Group Quest ဖြစ်တာနဲ့အညီ အဖွဲ့လေးဖွဲ့ပြီး လုပ်ဖို့တိုက်တွန်းလိုပါတယ်။ အဲ့ကောင်ကြီးကို Lvl 80 Warrior,Pally,Dk တွေကတော့ လွယ်လွယ်နဲ့နိုင်နိုင်ပါတယ်။ အဲ့တော့ Low Lvl နဲ့ Quest သွားလုပ်နေတာဆိုရင်တော့ Lvl 80 တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ ကျွန်တော်ကတော့ Lvl 75 မှာ သွားလုပ်တဲ့အတွက် မနိုင်ပါဘူး။ Lvl 80 Pally တစ်ယောက်အကူအညီတောင်းလိုက်ပါတယ်။ Zuluhed the Whacked ဆိုတဲ့ကောင်ကြီးကိုသတ်ပြီးပြီ ဆိုရင် သော့တစ်ချောင်းကျပါမယ်။ အဲ့သော့နဲ့ နဂါးမကြီးကိုချည်ထားတဲ့ သံကြိုးကိုဖြည်ပေးလိုက်မယ်ဆိုရင် Quest က Complete ဖြစ်ပါပြီ။ ဒီ Quest ပြီးပြီ ဆိုရင် Netherwing Drake ရဖို့ 50 ရာခိုင်နှုန်းသေချာပါပြီခင်ဗျာ။


ဒီ Quest ပြီးသွားရင်တော့ နဂါးမကြီးက သူ့ရဲ့လင်တော်မောင် နဂါးကြီးဆီကို ပြန်ပို့ဖို့  [Ally of the Netherwing] ဆိုတဲ့ Quest ပေးပါမယ်။ ဒီ Quest က အလွယ်ဆုံးပါပဲ။ နဂါးမကြီးဆီက Quest ယူလိုက်တယ်ဆိုရင်ပဲ နဂါးမကြီးကိုစီးပြီး သင်က ပထမဆုံး Quest စယူခဲ့တဲ့ Blood Elf NPC နားရောက်သွားမှာဖြစ်ပါတယ်။ အဲ့သည့် Blood Elf NPC ဆီမှာ Quest ပြန်ပေးလိုက်တာနဲ့ Quest ကပြီးသွားပြီဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင်ဟာ Artisan Wind Riding Skill ကို Train ရမှာ ဖြစ်ပါတယ်။ Lvl 80 ဖြစ်လို့ Train ပြီးသားဖြစ်နေပြီ ဆိုရင်တော့ Blood Elf NPC ပေါ်မှာ Complete ဖြစ်နေတဲ့ Quest တစ်ခုပေါ်လာပါလိမ့်မယ် [Blood Oath Of The Netherwing] ဆိုတဲ့ Quest တစ်ခုပေးပါလိမ့်မယ်။ အဲ့ Quest ရသွားပြီးရင်တော့ သင့်ကို [In Service of the Illidari] ဆိုတဲ့ Quest ထပ်ပေးပါလိမ့်မယ်။ ဒီ Quest ကိုယူပြီးသွားတာနဲ့ သင်ဟာ Netherwing Ledge ထဲ ၀င်သွားတာနဲ့ သူတို့ပုံစံပြောင်းသွားမှာဖြစ်ပါတယ်။ အဲ့ Quest ကို Overlord Mor'ghor ဆီကိုသွားပေးရပါမယ်။ သူ့ရဲ့တည်နေရာကိုတော့ အောက်ဖော်ပြပါ ပုံတွေမှာကြည့်ပါ။





Overlord Mor'ghor  က သင့်ကို [Enter the Taskmaster]  ဆိုတဲ့ Quest ထပ်ပေးပါလိမ့်မယ်။ ဒီ Quest ကလဲ မခက်ပါဘူး။ အိမ်အပြင်ပြန်ထွက်ပြီး အိမ် အပြင်က Taskmaster Varkule Dragonbreath ဆိုတဲ့ NPC  ဆီမှာ Quest ပြန်သွားပေးရုံပါပဲ။


အဲ့ဒါပြီးရင်တော့ သူက ခင်ဗျားကို  [Netherwing Crystals] ဆိုတဲ့ Quest ပြန်ပေးလိုက်ပါမယ်။ Netherwing Crystals အခု ၃၀ ရှာပြီး အဲ့အနားမှာရှိတဲ့ Yarzill The Merc ကို Quest ပြန်အပ်ရုံပါပဲ။


အဲ့ဒါပြီးရင် Yarzill the Merc က Quest 3 ခု ထပ်ပေးပါလိမ့်မယ်။ အဲ့ထဲကမှ  [The Great Netherwing Egg Hunt] ဆိုတဲ့ Quest ကို ယူပါ။ အဲ့ Quest ကဘာလုပ်ရမှာလဲဆိုတော့ ဥလေးတွေ သွားယူပေးရမှာပါ။ ဥလေးတွေ ရှိတဲ့နေရာ သိမယ်ဆိုရင် ဒီ Quest က ဘာမှ မခက်ပါဘူး။ ဥလေးတွေရှိတဲ့နေရာကို အောက်မှာ မြေပုံနဲ့ တကွ ဖော်ပြထားပေးပါတယ်။

Netherwing Reputation bar လေးကိုဖော်ထားလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ် Reputation ဘယ်လောက်တင် ဖို့လိုသေးတယ် ဆိုတာ မြင်ရမှာပါ။ ပထမဆုံး Repu bar က သုံးထောင် ဒုတိယ ခြောက်ထောင် တတိယ တစ်သောင်းနှစ်ထောင် နောက်ဆုံးတစ်ခု နှစ်သောင်းတစ်ထောင် အထိတင်ပြီးရင် Reputation Excited ဖြစ်သွားပါပြီ။
Reputation Excited ဖြစ်သွားပြီဆိုရင်တော့ Drake Dealer Hurlunk ဆီကနေ Netherwind Drake ကို တစ်ကောင် ရွှေ၂၀၀ နဲ့ ခြောက်မျိုး အထိ ၀ယ်လို့ရပါတယ်။


--------------------------------------------------------


နောက်ပိုင်းတကယ် Reputation တင်မယ့် အပိုင်းက အခုမှ စမှာပါ။ ဥလိုက်ကောက်ရမှာဖြစ်ပါတယ်။ ဥတွေက နာရီဝက်ကို တစ်ခါထွက်ပါတယ်။ တစ်ခါထွက်ရင် ၉ လုံးပါ။ ဥနေရာတွေကိုတော့ ပုံတွေနဲ့ပဲ ပြလိုက်ပါမယ်။

ပထမဆုံးဥက ဘယ်နားမှာရှိလဲဆိုတော့ လေထဲမှာမြောနေတဲ့ ကျောက်တုံး၂ တုံးပူးနေတဲ့နေရာမှာ ရှိတာပါ။ အရင်ဆုံး အဲ့ကျောက်တုံးကြီးကို ရှာလိုက်ပါ။ အဲ့ ကျောက်တုံးရှာတွေ့ရင်လွယ်သွားပါပြီ။ နေရာကိုတော့ အောက်က ပုံမှာကြည့်ပါ။

ဥနံပါတ် ၁


ဥနံပါတ် ၂ 


 နံပါတ်၁ ဥနေရာမှ မြင်ရသည့် နံပါတ်၂ ဥနေရာ


ဥနံပါတ် ၃

ဥနံပါတ် ၃ အား နံပါတ်၂ ဥနေရာမှ မြင်ရပုံ

ဥနံပါတ် ၎

ဥနံပါတ် ၄ အား နံပါတ် ၃ ဥနေရာမှ မြင်ရပုံ

ဥနံပါတ် ၅

ဥနံပါတ် ၅ အားနံပါတ် ၄ နေရာမှ တွေ့ရပုံ

ဥနံပါတ် ၆

ဥနံပါတ် ၇

ဥနံပါတ် ၈

ဥနံပါတ် ၉

ဥအကုန်လုံးကို ပုံတစ်ခုထဲမှာဆွဲပြလိုက်တော့ နည်းနည်းတော့ရှုပ်သွားတယ် ကျွန်တော်က Photoshop လဲ မပိုင်တော့ Paint နဲ့ ဆက်ထားရတာဆိုတော့ မျက်စိနည်းနည်းတော့ ရှုပ်မယ်။သည်းခံပြီးကြည့်ပေးပါ။ 


အောက်က ပုံကတော့ Carbonite Map မှာမြင်ရတဲ့ပုံပါ [ ? ] ပြထားတဲ့တစ်နေရာကတော့ မသေချာလို့ပါ


Referal Link From WowHead

1 comment: