Death Knight တစ်ယောက် အနေနဲ့ မွေးဖွားလာခဲ့ပြီဆိုရင် သင်ဟာ Lich King ဆီက Quest တွေလုပ်ပေးပြီးမှ Death Knight နန်းတော်က ထွက်ခွင့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Server မှာ Death Knight ဆိုတဲ့ Class ဟာ Error အရမ်းများတဲ့ Class ပါ။ Error လဲ များသလို Quest တွေကလဲ Bug နေတတ်ပါတယ်။ ဒါပေမယ့် Death Knight ဆိုတာ World of Warcraft မှာ အတော်လေးကြမ်းတဲ့ Hero Class ဖြစ်တာနဲ့ အညီ တော်တော်လဲ ကိုင်လို့ကောင်းပါတယ်။ အဲ့လိုပဲ Death Knight ဖြစ်ခွင့်ရဖို့အတွက် သတ်မှတ်ချက်တွေကလဲ ရှိပါတယ်။ သင့် Account ထဲမှာ အနည်းဆုံး Level 55 ရှိတဲ့ Hero (Any Class) တစ်ကောင်ရှိဖို့လိုပါတယ်။ ဒါဆိုရင်တော့ သင်ဟာ Death Knight တစ်ကောင်ဆော့လို့ရပါပြီ။ Death Knight တစ်ကောင် အပြင်ထွက်ခွင့်ရအောင်လုပ်ရတဲ့ Quest တွေက မသိတဲ့လူတစ်ယောက်အတွက်တော့ ခက်ခဲပါတယ်။ Elite Creep 100 သတ်ခိုင်းတဲ့ Quest တို့ Elite Creep 100 နဲ့ Elite Siege Creep 5 ကောင် သတ်ရတဲ့ Quest တို့ဟာဆို မသိတဲ့လူတစ်ယောက်အတွက် တော်တော်ကိုခက်ခဲပါတယ်။ သိသွားရင်တော့ အရမ်းလွယ်ပါတယ်။ ဒီတော့ DK တစ်ကောင်ဆော့ချင်နေရက်နဲ့ Quest မလုပ်တတ်လို့ မဆော့ရတဲ့ ဘော်ဒါတွေအတွက် Dk Quest Guide လေးရေးပေးလိုက်ပါတယ်။ မသိသူကျော်သွား သိသူဖော်စားပေါ့ဗျာ။
ကဲ စလိုက်ရအောင်..............
ပထမဆုံး Lich King ပေးမယ့် Quest က [In Service Of The Lich King] ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ Quest ကတော့ သမားရိုးကျ Quest တစ်ခုပဲ ဖြစ်ပါတယ်။ Instructor Razuvious ဆိုတဲ့ ကောင်ကြီးဆီမှာ Quest ပြန်အပ်လိုက်ရုံပါပဲ။
ဒါပြီးရင်တော့ အဲ့ကောင် ကြီးက သင့်ကို [The Emblazoned Runeblade] ဆိုတဲ့ Quest ပေးလိုက်မှာဖြစ်ပါတယ်။ အဲ့ Quest ကတော့ သင်ကိုင်မယ့် ဓါးကို ရမှာဖြစ်ပြီးတော့ Runeforging Spell ကို ရမှာဖြစ်ပါတယ်။ ဒီ Quest ဟာလဲ လွယ်လွယ်လေးပဲဖြစ်ပါတယ်။ ပထမဆုံး အောက်က ပုံမှ ပြထားတဲ့ Battle-worn Sword ကို ယူလိုက်ပါ...။
အဲ့ဒါပြီးရင်တော့ ရလာတဲ့ Battle-worn Sword ကို Runeforge ကြီးနားမှာ သွားပြီး သုံးပေးလိုက်ယုံပါပဲ။ Runeforge ဆိုတာက DK နန်းတော်ထဲမှာ ရှိတဲ့ အရိုးခေါင်းပုံကြီးတွေကိုပြောတာပါ။အဲ့ဒါပြီးရင်တော့ Quest ပြီးပါပြီ။
အဲ့ Quest ပြန်ပေးပြီးရင်တော့ သင့်ကို [Runeforging: Preparation For Battle] ဆိုတဲ့ Quest ထပ်ပေးပါလိမ့်မယ်။ ဒီ Quest ဟာဆိုရင်လဲ မသိရင် တော်တော်တိုင်ပါတ်မယ့် Quest ပါ။ တကယ်တော့ လွယ်လွယ်လေးပါပဲ။ သင့်ရဲ့ Spell Book(P) ကို ဖွင့်လိုက်ပါ။ Runeforging ဆိုတဲ့ Spell လေး ရှိရင် ဒီ Quest ကို လုပ်လို့ရပါပြီ။
ဒီ Quest ကဘယ်လိုလုပ်ရမှာလဲဆိုတော့ Runeforge ကြီးနားကိုသွားပြီး သင့်ရဲ့ ဓါးကို Runeforging လုပ်ပေးရမှာပါ။ လွယ်ပါတယ် Spell book ထဲက Runeforging Spell ကို Runeforge ကြီးနားမှာ သွားသုံးလိုက်ပါ။ အဲ့အချိန်မှာ Character Info(C) ကို ဖွင့်ထားလိုက်ပါ။ Runeforging Spell ကို ဖွင့်လိုက်မယ်ဆိုရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ။
ဒါပြီးရင်Runeforging 2 မျိုးရှိတဲ့ ထဲက ကြိုက်တဲ့ Runeforging တစ်မျိုးမျိုးကို သင့်ရဲ့ ဓါးပေါ်မှာ သုံးလိုက်ပါ။ Runeforging လုပ်နေပြီဆိုရင်တော့ အောက်ကပုံထဲကအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ Quest ကပြီးသွားပြီဖြစ်ပါတယ်။
Quest ပြန်အပ်ပြီးတဲ့အခါကျရင်တော့ သင့်ရဲ့အရည်အချင်းကို စမ်းသပ်တဲ့ [The Endless Hunger] ဆိုတဲ့ Quest ကိုပေးပါလိမ့်မယ်။ ဒီ Quest ကတော့ Unworthy Initiate ဆိုတဲ့ သံကြိုးနဲ့ အချုပ်ခံထားရတဲ့အကောင် တစ်ကောင်ကောင် ကိုလွှတ်ပေးပြီး သူနဲ့ ချရမှာပါ။
အဲ့ကောင်ကို ကိုယ်တိုင်သတ်လိုက်ပြီးရင်တော့ Quest က Complete ဖြစ်ပါပြီ။ ဒီနေရာမှာ တစ်ခုရှိတာက သင်လွှတ်ပေးလိုက်တဲ့ကောင်ကို သင့်အစား Guard တစ်ကောင်ကောင်က လာသတ်သွားရင်တော့ Quest က Complete ဖြစ်မှာ မဟုတ်ပါဘူး။ အဲ့ Quest ပြန်သွားပေးပြီးရင်တော့ သင့်ကို [The Eye Of Acherus] ဆိုတဲ့ Quest ပေးပါလိမ့်မယ်။ ဒီQuest ကလဲ လွယ်လွယ်လေးပါပဲ။ ပေးပြီးတာနဲ့ပြီးပြီးသားပါ သွားပြန်ပေးရုံပါပဲ။ Lich King ကို ဒီ Quest သွားပြန်ပေးပြီးရင်တော့ Lich King က သင့်ကို [Death Comes From On High] ဆိုတဲ့ Quest ထပ်ပေးပါမယ်။ ဒီ Quest ကတော့ သင့်ကို ရန်သူအခြေအနေ သွားထောက်လှမ်းခိုင်းတာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ သိတဲ့သူအတွက်ကတော့ တကယ်လွယ်လွယ်လေးပါပဲ။ အောက်ကပုံမှာပြထားတဲ့ အပြာရောင်မီးတောက် အလုံးကြီးကို သုံးပြီး သွားထောက်လှမ်းရမှာဖြစ်ပါတယ်။
အဲ့အလုံးကြီးကိုသုံးလိုက်ရင်တော့ အောက်မှာ ပြထားတဲ့အတိုင်းမြင်ရမှာဖြစ်ပါတယ်
အဲ့လိုဖြစ်သွားခဲ့ပြီဆိုရင်တော့ ရန်သူစခန်းတွေလိုက်ထောက်လှမ်းရတော့မှာဖြစ်ပါတယ်။ ပထမဆုံး အပေါ်မှာပြထားတဲ့ ပုံထဲကလို အုတ်နံရံကြီးတွေနားသွားပါ။ ပြီးရင် အတွင်းပိုင်းကိုဝင်သွားလိုက်ပါ။ ရေကန်ရဲ့ဘေးမှာ တစ်ထပ်တိုက်ပုံလေး ရှိပါတယ်။ အောက်ကပုံကိုကြည့်ပါ။
အဲ့တိုက်လေးရဲ့ခေါင်မိုးနားမှာ ပြထားတဲ့ အနီရောင် Marking လေးရဲ့ အနီးနားသွားပြီး Siphon of Acherus ဆိုတဲ့ တတိယမြောက် Spell လေးကိုသုံးပေးလိုက်ရုံပါပဲ။ ဒါဆိုရင် တစ်ခုပြီးသွားမှာဖြစ်ပါတယ်။
ဒါပြီးရင်တော့ ရေကန်ရဲ့တစ်ဖက်မှာရှိတဲ့ ရဲတိုက်ကြီးဆီသွားရမှာဖြစ်ပါတယ်။
အဲ့ရဲတိုက်ကြီးရဲ့ရှေ့ဘက်နား သွားပြီး ခုနကလို အနီရောင် Marking လေးနားမှာ Siphon of Acherus ကိုသုံးပေးလိုက်မယ်ဆို တစ်ခုထပ်ပြီးသွားမှာဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ နောက်တစ်ခုက အခု ရဲတိုက်ကြီးနဲ့ မျက်နှာချင်းဆိုင်အနေအထားလောက်မှာရှိတဲ့ နာရီစင်ကိုသွားရမှာဖြစ်ပါတယ်။ နာရီစင်မှာလဲ ခုနက လို ပဲ သုံးပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တတိယတစ်ခုလဲပြီးပါပြီ။
အခုဆိုရင် သွားစရာနောက်ဆုံးတစ်ခုပဲ ကျန်ပါတော့တယ်။ အဲ့ဒါက တော့ Church ကျောင်းကြီးဖြစ်ပါတယ်။ အဲ့ Church ကျောင်းကြီးမှာ သွားလုပ်ပြီးရင်တော့ Quest ကပြီးပြီဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ Cancle ဆိုတဲ့ Spell လေး နှိပ်လိုက်ရင် သင်ဟာ DK နန်းတော်ကြီးဆီ ပြန်ရောက်သွားမှာဖြစ်ပါတယ်။
ဒီ Quest ပြန်အပ်ပြီးသွားရင်တော့ Lich King ကသင့်ကို [The Might Of The Scourge] ဆိုတဲ့ Quest ပေးမှာဖြစ်ပါတယ်။ ဒီQuest ကလဲ သွားပြန်အပ်ရုံပါပဲ။ Portal ပေါက်က နေ အောက်ထပ်ဆင်းပြီး Highlord Darion Mograine ကို Quest သွားပြန်အပ်ရမှာဖြစ်ပါတယ်။
အဲ့ဒါပြီးရင်တော့ သူက [Report To Scourge Commander Thalanor] ဆိုတဲ့ Quest ကို ထပ်ပေးလိုက်ပါလိမ့်မယ်။ အဲ့Quest ကလဲ သွားပြန်အပ်ရုံပါပဲ။ ဒုတိယထပ်မှာပဲရှိတဲ့ Scourge Commander Thalanor ဆီမှာပြန်ပေးရမှာပါ။
သူက [The Scarlet Harvest] ဆိုတဲ့ Quest ကိုထပ်ပေးပါလိမ့်မယ်။ ဒီ Quest ကတော့ မြေပေါ်မှာရှိတဲ့ Prince Valanar ဆီမှာ သွားပေးရမှာပါ။
အဲ့ဒါပြီးရင်တော့ မြေပြင်ပေါ်မှာ ရှိသမျှ Quest တွေ လိုက်ယူလိုက်ပါ။
[Death's Challenge]
- Quest ဆိုတဲ့ ကို Olrun the Battlecaller ကပေးပါလိမ့်မယ်။ ဒီ Quest က ဘာလုပ်ရမှာလဲဆိုတော့ အဲ့အနီးတ၀ိုက်မှာရှိတဲ့ Death Knight Initiate ဆိုတဲ့ NPC တွေနဲ့ စကားပြောပြီး Duel ချရမှာဖြစ်ပါတယ်။ Duel ထောင်ပြီး ၅ ယောက်အထိ ချရမှာဖြစ်ပါတယ်။ ၅ ယောက်နိုင်သွားရင်တော့ Quest က Complete ဖြစ်ပါပြီ။
[If Chaos Drives, Let Suffering Hold The Reins]
- ဒီQuest ကိုတော့ Prince Valanar က ပေးလိုက်တာဖြစ်ပါတယ်။ ဒီ Quest ကကျတော့ Scarlet Crusader အတွက် Scarlet Peasant တို့ Scarlet Infantryman တို့ကို ၁၀ ကောင် အထိ သတ်ပေးရမှာပါ။ ထို့အတူ Citizens of Heavenshire ၁၀ ကောင်အထိ သတ်ပြီးရင် Quest Complete ဖြစ်ပါပြီ။
[Grand Theft Palomino]
- ဒီ Quest ကကျတော့ မြင်းခိုးပေးရမှာ ဖြစ်ပါတယ်။ Citizens of Heavenshire ရဲ့ Farm ထဲမှာ ရှိတဲ့ မြင်းတစ်ကောင်ကို သွားခိုးပေးရမှာဖြစ်ပါတယ်။
အဲ့မြင်းလေးတွေကို တက်စီးပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့ နံပါတ် ၁ နေရာက Spell : Deliver the Stolen horse ဆိုတာကိုနှိပ်လိုက်ရင် ရပါပြီ။
[Tonight We Dine In Havenshire]
- ဒီ Quest ကတော့ Saronite Arrow ဆိုတဲ့ မြားလေးတွေလိုက်ကောက်ပေးရမှာဖြစ်ပါတယ်။ ၁၅ချောင်းကောက်ပြီးရင် Quest က Complete ဖြစ်ပါပြီ။
[Gothik the Harvester]
- ဒီ Quest ကတော့ လွယ်ပါတယ် Complete ပြီးသား Quest ပြန်အပ်ပေးရုံပါပဲ။
[Into the Realm of Shadows]
[The Gift That Keeps On Giving]
[Behind Scarlet Lines]
- ဒီ Quest ကတော့ Death Rider of Archeus ကို သွားသတ်ပြီး သူ့မြင်းကိုယူလာပေးရမှာဖြစ်ပါတယ်။ သူ့မြင်းကို ယူလာပြီး Quest ပေးလိုက်တဲ့ ကုန်းပေါ်သယ်လာပြီးရင် နံပါတ် ၁ Spell ကို သုံးပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Quest က complete ဖြစ်ပါပြီ။ ဒီနေရာမှာ သတိထားရမှာက Quest ကိုပြီးတာနဲ့ တန်းပြီး ပြန်အပ်ရမှာဖြစ်ပါတယ်။ တကယ်လို့မအပ်ခဲ့ဘူးဆိုရင် သင်ဟာ ကုန်းပေါ် က ဆင်းသွားတာနဲ့ Realm of Shadow ထဲ ပြန်ရောက်ပြီး Error တက်သွားပါလိမ့်မယ်။ ဒီ Quest ပြီးသွားရင် သင့်အတွက် စီးတော်မြင်းကြီး ရမှာဖြစ်ပါတယ်။
[The Gift That Keeps On Giving]
- ဒီ Quest ကဘာလဲဆိုတော့ သင့်အတွက် Pet အဖြစ်ရမယ့် Ghoul လေးတွေ သွားဖမ်းလာပေးရမှာဖြစ်ပါတယ်။ မိုင်းတွင်းမှာရှိတဲ့ မိုင်းတွင်းအလုပ်သမားတွေကို Quest ကပေးလိုက်တဲ့ [Gift of the Harvester] ဆိုတဲ့ Item လေးသုံးပေးရမှာဖြစ်ပါတယ်။ အဲ့အချိန်ကျရင် Ghoul လေးတွေ ထွက်လာပြီး သင့်နောက်လိုက်လာမှာပါ။ အဲ့ Ghoul 5 ကောင်ကို Quest ပေးတဲ့ကောင်နားပို့ပေးလိုက်ရင် Quest က Complete ဖြစ်ပါပြီ။
တစ်ခါတစ်လေကျရင် ပုံမှာပြထားတဲ့ Scarlet Ghost ဆိုတဲ့ ကောင်တွေလဲ ထွက်လာတတ်ပါတယ်။ အဲ့ကောင်တွေကိုတော့သတ်ပစ်လိုက်ပါ။ အသုံးမ၀င်ပါဘူး။
အောက်ကပုံမှာပြထားတဲ့ကောင်ကြီးရဲ့နားကို ခုနက Ghoul 5 ကောင် ခေါ်သွားလိုက်မယ်ဆို Quest က Complete ဖြစ်သွားပါပြီ။
အဲ့ Quest ပြီးသွားရင်တော့ Ghothik the Harvester က [An Attack Of Opportunity] ဆိုတဲ့ Quest ကိုပေးမှာဖြစ်ပါတယ်။ အဲ့ Quest ဟာဆိုရင်လဲ Complete ပြီးသားဖြစ်လို့ Prince Valanar ဆီ သွားပြန်အပ်လိုက်ရုံပါပဲ။ ဒါပြီးရင်တော့ Prince Valanar က [Massacre At Light's Point] ဆိုတဲ့ Quest ကိုပေးပါလိမ့်မယ်။ အဲ့ Quest က Elite Creep အကောင် ၁၀၀ သတ်ရမှာပါ။ Elite Creep ဆိုလို့ မလန့်သွားနဲ့ နည်းသိရင် လွယ်ပါတယ်။ အရင်ဆုံး အောက်ပုံမှာ ပြထားတဲ့ ရွှေသယ်တဲ့လှည်းလေးကို ရှာလိုက်ပါ။
ကဲ အဲ့လှည်းလေးကို Right Click နှိပ်လိုက်မယ်ဆိုရင်တော့ သင်ဟာ ရွှေသယ်တဲ့လှည်းလေးထဲပါသွားပြီး ရွှေသယ်တဲ့အလုပ်သမားလေးတွေက သင့်ကို ရန်သူတွေချေမှုန်းနိုင်မယ့် သဘောင်္ကြီးဆီကို ခေါ်ဆောင်သွားပေးမှာဖြစ်ပါတယ်။
ကဲ သဘောင်္ကြီးပေါ် ရောက်သွားတာနဲ့ သင့်ရဲ့ Blood Presence ဘေးက မြားအနီကောက်လေး နှိပ်လိုက်တာနဲ့ သင်ဟာပြန်ထွက်လာမှာဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ သင့်ရှေ့က ကြိုက်ရာအမြှောက်ကြီး ပေါ်တက်ပြီး ရှေ့က Elite Creep အုပ်လိုက်ကြီးစီကိုသာ ထုသတ်လိုက်ပါ။ တကယ်တော့ သိမယ်ဆိုရင် ဘာလုပ်လုပ်လွယ်လွယ်လေးပါပဲ။ (ကျွန်တော်မသိခင်ကတော့ ခဏခဏ အသေခံပြီး Creep အုပ်ကြားဖြတ်ပြေးပြီး သဘောင်္စီကိုအရောက်သွားခဲ့တာပါ။ အခုတော့ ခင်ဗျားတို့အလှည့် အလွယ်တကူသွားနိုင်ပြီပေါ့။)
အနီနဲ့ ၀ိုင်းပြထားတာက အကွာအဝေး ထိန်းညှိရန်ဖြစ်ပြီး အပြာနဲ့ ၀ိုင်းပြထားတာက ပစ်ရန်ဖြစ်ပါတယ်။အကောင်၁၀၀ သတ်လို့ပြီးသွားပြီဆိုရင်တော့ အညိုရောင်နဲ့ ၀ိုင်းပြထားတာလေး နှိပ်လိုက်ပါ။ သင့်ကို Skeleton Gyphron က အန္တာရယ်ဘေးကင်းရှင်းစွာနဲ့ Quest ပေးလိုက်တဲ့ကောင် ဆီ ပြန်ပို့ပေးပါလိမ့်မယ်။
အဲ့သည့် Quest လဲပေးပြီးရော သူက [Victory At Death's Breach!] ဆိုတဲ့ Quest တစ်ခုထပ်ပေးပါမယ်။ ဒီ Quest ကလဲ သွားပြန်အပ်ရုံပါပဲ။ Dk နန်းတော်ကြီးပေါ် ပြန်တက်ပြီး Highlord Darion Mograine ဆီ ပြန်သွားပေးရမှာပါ။ Dk နန်းတော်ပေါ်ပြန်တက်ဖို့ကတော့ အောက်က ပြထားတဲ့ ပုံထဲက Skeleton Gyphron စီးသွားလိုက်ရင်ရောက်ပါပြီ။
ဒါပြီးရင်တော့ သူက [The Will Of The Lich King] ဆိုတဲ့ Quest ကို ပေးလိုက်ပါမယ်။ ဒီ Quest ကိုတော့ မြေပြင်ပေါ်ပြန်ဆင်းပြီး သွားပေးရမှာပါ။ မြေပြင်ပေါ်မှာ ရှိတဲ့ Prince Velenar ကိုပေးလိုက်ရုံပါပဲ။ အဲ့ Quest ပြီးသွားရင်တော့ [The Crypt of Remembrance] ဆိုတဲ့ Quest ထပ်ပေးပါလိမ့်မယ်။ ဒီ Quest ကလဲ Complete ဖြစ်ပြီးသားပါပဲ။ Havenshire Farm ထဲက အိမ်တစ်အိမ်ရဲ့မြေအောက်ခန်းမှာ ရှိတဲ့ Princ Keleseth ကို သွားပြန်ပေးလိုက်ရုံပါပဲ။
ဒါပြီးရင်တော့ သူက သင့်ကို [Nowhere To Run And Nowhere To Hide] ဆိုတဲ့ Quest ပေးလိုက်မှာဖြစ်ပါတယ်။ New Avalon က မြို့တော်ဝန်ရှိတဲ့ နာရီစင် အိမ်ထဲဝင်ပြီး Mayor Quimby ကိုသတ်ပြီး New Avalon Registery ကို ယူပေးရမှာဖြစ်ပါတယ်။ မြို့တော်ဝန် နေတဲ့နေရာ ဖြစ်တာနဲ့အညီ အစောင့်အရှောက်တွေ လဲများပါတယ်။ ဖြေးဖြေးချင်းဝင်သွားရင်တော့ အေးဆေးရမှာပါ။ လိုအပ်တာတွေရပြီးပြီဆို Quest သွားပြန်ပေးလိုက်ရင် Quest က Complete ဖြစ်ပါပြီ။
ခုနက Quest ပြီးရင်တော့ သင့်ကို [How To Win Friends And Influence Enemies] ဆိုတဲ့ Quest ထပ်ပေးလိုက်ပါလိမ့်မယ်။ အဲ့ Quest နဲ့အတူ သင့်ကို Jewelery box တစ်ခုပေးပါမယ်။ အဲ့ Box ကိုဖွင့်လိုက်မယ်ဆိုရင်တော့ သင့်အတွက် One Hand Sword ၂ ချောင်း ရမှာဖြစ်ပါတယ်။ အခု Quest မှာ အရေးအကြီးဆုံးက အဲ့ ဓါး၂ ချောင်းနဲ့ Scarlet Preacher ဆိုတဲ့ကောင် စကားပြောလာတဲ့အထိ ချပေးရမှာဖြစ်ပါတယ်။ စကားပြောပြီးရင်တော့ Quest က Complete ဖြစ်ပါပြီ။ Quest သွားပြန် အပ်လိုက်ရုံပါပဲ။
ဒါပြီးရင်တော့ Prince Keleseth က [Behind Scarlet Lines] ဆိုတဲ့ Quest နဲ့ Baron Rivendare က [Lambs To The Slaughter] ဆိုတဲ့ Quest ပေးပါလိမ့်မယ်။
[Behind Scarlet Lines]
- ဒီ Quest ကတော့ New Avalon Orchard က အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာရှိတဲ့ Orbaz Bloodbane ကို ပြန်သွားပေးလိုက်ရုံပါပဲ။
[Lambs To The Slaughter]
- ဒီ Quest ကတော့ Scarlet Crusade Soldier 10 ကောင်နဲ့ Citizen of New Avalon ၁၀ ကောင်သတ်ရမှာပါ။ လွယ်ပါတယ်။ New Avalon မှာ ရှိသမျှ မြေပြင်စစ်သည် မြင်းစီးစစ်သည်တွေက Scarlet Crusade Soldier တွေဖြစ်ပြီးတော့ အိမ်တွေထဲမှာ ရှိသမျှ လူတွေအားလုံးက Citizen of New Avalon တွေဖြစ်ပါတယ်။ အဲ့တွေ့သမျှ သာ သတ်သွားလိုက်ပါ။ ခဏလေးနဲ့ပြီးသွားပါလိမ့်မယ်။
[Behind Scarlet Lines] Quest ပြီးရင်တော့ သင့်ကို Orbaz Bloodbane က [The Path Of The Righteous Crusader] ဆိုတဲ့ Quest ပေးပါလိမ့်မယ်။ အဲ့ဒါကတော့ New Avalon မှာရှိတဲ့ ရဲတိုက်ထဲဝင်ပြီး New Avalon Patrol Schedule သွားယူပေးရပါမယ်။ ယူပြီးပြန်ပေးလိုက်ရင်တော့ Quest က Complete ဖြစ်ပါပြီ။
No comments:
Post a Comment